၁ ရာ 8:15-22 BCL

15 သူ​သည်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​သီး​ဆယ်​ပုံ​တစ်​ပုံ ကို မိ​မိ​၏​နန်း​တွင်း​အ​ရာ​ရှိ​များ​နှင့်​အ​ခြား အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အ​တွက်​သိမ်း​ယူ လိမ့်​မည်။-

16 သင်​တို့​၏​အ​စေ​ခံ​များ၊ အ​ကောင်း​ဆုံး​သော နွား​များ နှင့်​မြည်း​များ​ကို​သိမ်း​ယူ​ကာ​မိ​မိ​အ​ဖို့ ခိုင်း​စေ​အ​သုံး​ပြု​လိမ့်​မည်။-

17 သူ​သည်​သင်​တို့​သိုး​အုပ်​များ​၏​ဆယ်​ပုံ​တစ် ပုံ​ကို​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင် လျှင်​သူ​၏​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။-

18 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​သင်​တို့ သည် မိ​မိ​တို့​ကိုယ်​တိုင်​ရွေး​ချယ်​တင်​မြှောက် သည့်​ဘု​ရင်​ကြောင့်​ညည်း​ညူ​ကြ​လိမ့်​မည်။ သို့ သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏ ညည်း​ညူ​သံ​ကို​နား​ညောင်း​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​သ​တိ​ပေး​လေ​၏။

19-20 လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။-

21 ရှ​မွေ​လ​သည်​သူ​တို့​ပြော​သ​မျှ​ကို​နား​ထောင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဝင်​၍ လျှောက်​ထား​၏။-

22 ထာ​ဝ​ရ​ဘုရား​က``သူ​တို့​အ​လို​ရှိ​သည် အ​တိုင်း​ဘု​ရင်​ကို​ခန့်​ပေး​လော့'' ဟု​မိန့်​တော် မူ​လျှင်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ပြန်​သွား​စေ​၏။