၂ ရာ​ချုပ် 19:1-7 BCL

1 ယော​ရှ​ဖတ်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​နန်း တော်​သို့ ကောင်း​မွန်​ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ တော်​မူ​၏။-

2 ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။-

3 သို့​ရာ​တွင်​ဘု​ရင်​မင်း​သည်​လူ​တို့​ကိုး​ကွယ်​သော အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို ဖယ်​ရှား​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​၏​အ​လို​တော် ကို​လိုက်​လျှောက်​ရန်​ကြိုး​စား​သ​ဖြင့် ဘု​ရင်​မင်း မှာ​အ​ကျင့်​ကောင်း​အ​နည်း​ငယ်​ရှိ​သေး​၏'' ဟု ဆို​လေ​သည်။

4 ယော​ရှ​ဖတ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​သော်​လည်း တောင်​ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ မြို့​မှ​သည်​မြောက်​ဘက်​တောင်​ပေါ​များ​သည့် ဧ​ဖ​ရိမ်​နယ်​စပ်​တိုင်​အောင် အ​မြဲ​တ​စေ​လှည့် လည်​၍​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ပြန်​စေ​တော်​မူ​၏။-

5 သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​တိုင်း​တွင်​တ​ရား သူ​ကြီး​များ​ကို​ခန့်​ထား​ပြီး​လျှင်၊-

6 သူ​တို့​အား``သ​တိ​ထား​၍​တ​ရား​စီ​ရင်​ကြ လော့။ သင်​တို့​သည်​လူ​ပေး​အပ်​သည့်​အခွင့်​အာ ဏာ​အ​ရ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သည့်​အ​ခွင့်​အာ​ဏာ​အ​ရ​ဆောင်​ရွက်​ရ​ကြ ခြင်း​ဖြစ်​သည်။ သင်​တို့​စီ​ရင်​ချက်​ချ​မှတ်​ချိန် ၌​ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​၏။-

7 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​သ​တိ နှင့်​ဆောင်​ရွက်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​ကောက်​ကျစ်​မှု၊ လူ​မျက်​နှာ​ကို​ထောက် မှု၊ တံ​စိုး​လက်​ဆောင်​စား​မှု​တို့​ကို​ခွင့်​ပြု​တော် မ​မူ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။