၂ ရာ​ချုပ် 19:4-10 BCL

4 ယော​ရှ​ဖတ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​သော်​လည်း တောင်​ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ မြို့​မှ​သည်​မြောက်​ဘက်​တောင်​ပေါ​များ​သည့် ဧ​ဖ​ရိမ်​နယ်​စပ်​တိုင်​အောင် အ​မြဲ​တ​စေ​လှည့် လည်​၍​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ပြန်​စေ​တော်​မူ​၏။-

5 သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​တိုင်း​တွင်​တ​ရား သူ​ကြီး​များ​ကို​ခန့်​ထား​ပြီး​လျှင်၊-

6 သူ​တို့​အား``သ​တိ​ထား​၍​တ​ရား​စီ​ရင်​ကြ လော့။ သင်​တို့​သည်​လူ​ပေး​အပ်​သည့်​အခွင့်​အာ ဏာ​အ​ရ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သည့်​အ​ခွင့်​အာ​ဏာ​အ​ရ​ဆောင်​ရွက်​ရ​ကြ ခြင်း​ဖြစ်​သည်။ သင်​တို့​စီ​ရင်​ချက်​ချ​မှတ်​ချိန် ၌​ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​၏။-

7 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​သ​တိ နှင့်​ဆောင်​ရွက်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​ကောက်​ကျစ်​မှု၊ လူ​မျက်​နှာ​ကို​ထောက် မှု၊ တံ​စိုး​လက်​ဆောင်​စား​မှု​တို့​ကို​ခွင့်​ပြု​တော် မ​မူ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

8 ယော​ရှ​ဖတ်​သည်​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​များ​နှင့်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​ချိုး​ဖောက်​မှု​များ​ကို​စီ​ရင်​ရန်​အ​တွက် လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​မြို့​မိ​မြို့​ဖ​များ​အား တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-

9 မင်း​ကြီး​က​ထို​သူ​တို့​အား``သင်​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် မိ​မိ​တို့ ၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ကြ​ရ​မည်။ ရိုး​သား​ဖြောင့်​မတ်​ရ​ကြ​မည်။ ဘက်​မ​လိုက်​ကြ​ရ။-

10 အ​ခြား​မြို့​များ​တွင်​နေ​ထိုင်​သော​အ​မျိုး​သား ချင်း​တို့​သည်​လူ​သတ်​မှု​ကို​ဖြစ်​စေ၊ တ​ရား ဥ​ပ​ဒေ​သို့​မ​ဟုတ်​ပ​ညတ်​တော်​ကို​လွန်​ကူး မှု​ကို​ဖြစ်​စေ​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​သည့် အ​ခါ​တိုင်း သူ​တို့​သည်​တ​ရား​စီ​ရင်​ရာ​တွင် ထာ​ဝရ​ဘု​ရား​အား​မ​ပြစ်​မှား​မိ​စေ​ရန်​သင် တို့​က​သေ​ချာ​စွာ​ညွှန်​ကြား​ရ​ကြ​မည်။ ယင်း သို့​မ​ပြု​ပါ​မူ​သင်​တို့​နှင့်​သူ​တို့​၏​အ​ပေါ်​သို့ ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​သက်​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ရှိ​သည်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျှင် မူ​ကား​အ​ပြစ်​လွှတ်​ကြ​လိမ့်​မည်။-