1 ယောရှဖတ်ကွယ်လွန်သောအခါဒါဝိဒ်မြို့ရှိ ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ သား တော်ယဟောရံသည်ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
2 ယုဒဘုရင်ယောရှဖတ်၏သားတော်ယဟောရံ တွင်အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိဟု၊ မိက္ခေလ၊ ရှေဖတိဟူသောညီခြောက်ယောက် ရှိ၏။-
3 ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။-
4 နိုင်ငံတော်ကိုပိုင်နိုင်စွာအုပ်စိုးနိုင်သောအခါ ယဟောရံသည်ညီတော်အပေါင်းနှင့်ဣသ ရေလမှူးမတ်အချို့တို့ကိုကွပ်မျက်လေသည်။
5 ယဟောရံသည်သက်တော်သုံးဆယ့်နှစ်နှစ် ၌နန်းတက်၍ ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်း စံလေသည်။-