၂ ရာ​ချုပ် 22:2-8 BCL

2 အာ​ခ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ် မျှ​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ​၏​မြေး​အာ​သ​လိ ဖြစ်​၏။-

3 မယ်​တော်​က​မ​ကောင်း​သော​အ​ကြံ​ဉာဏ်​များ ကို​ပေး​သ​ဖြင့် အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​အိမ် ထောင်​စု​သား​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ​သည်။-

4 ခမည်း​တော်​ကွယ်​လွန်​ပြီး​နောက် မိ​မိ​၏​အ​တိုင် ပင်​ခံ​အ​မတ်​များ​မှာ အာ​ဟပ်​၏​အိမ်​ထောင်​စု သား​များ​ဖြစ်​သည့်​အ​လျောက် အာ​ခ​ဇိ​သည် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ​ဆုံး​ရှုံး​ပျက် စီး​ရ​လေ​၏။-

5 သူ​သည်​ထို​သူ​တို့​၏​အ​ကြံ​ပေး​ချက်​ကို လိုက်​လျှောက်​ကာ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ နှင့်​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ချိန်​၌ ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​၏။ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​တိုက်​ပွဲ​တွင်​ယော​ရံ​သည်​ဒဏ်​ရာ များ​ရ​ရှိ​သ​ဖြင့်၊-

6 ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန်​လေ​၏။ ထို​အ​ခါ​အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု ရန်​ထို​မြို့​သို့​သွား​၏။

7 ထာ​ဝရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သည်​နှင့်​အ​ညီ ယင်း​သို့​သွား​ရောက်​ခြင်း​အား​ဖြင့် အာ​ခ​ဇိ အ​သက်​ဆုံး​ရှုံး​ရ​လေ​သည်။ အာ​ခ​ဇိ​သည် ထို​မြို့​၌​ယော​ရံ​နှင့်​အ​တူ​ရှိ​နေ​စဉ်​အာ​ဟပ် ၏​မင်း​ရိုး​ပျက်​သုဉ်း​မှု​အ​တွက်​ဆောင်​ရွက်​ရန် ထာ​ဝရ​ဘု​ရား​ရွေး​ချယ်​ထား​သူ၊ နိမ်​ရှိ​၏ သား​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရ​လေ​သည်။-

8 ယေ​ဟု​သည်​အာ​ဟပ်​မင်း​ရိုး​အ​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​စီ​ရင် ချက်​ကို​လိုက်​နာ​ဆောင်​ရွက်​လျက်​နေ​စဉ် အာ​ခ​ဇိ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​သည့် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​နှင့် အာ​ခ​ဇိ​၏​တူ​တော်​တို့​ကို​တွေ့​မြင်​လေ ၏။-