11 ငါ့သားတို့၊ မဖင့်နွှဲကြနှင့်၊ ထာဝရဘုရား အားနံ့သာပေါင်းမီးရှို့ပူဇော်ရန်နှင့် ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရာတွင်ဦးဆောင် ရန် ကိုယ်တော်ရွေးချယ်ခန့်ထားသူများမှာ သင်တို့ပင်ဖြစ်ကြ၏'' ဟုမိန့်တော်မူ၏။
12-14 ထိုအရပ်၌ရှိသောလေဝိအနွယ်ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ကောဟပ်သားချင်း စုမှအာမသဲ၏သားမာဟတ်နှင့်အာဇရိ ၏သားယောလ။ မေရာရိသားချင်းစုမှအာ ဗဒိ၏သားကိရှနှင့်ယေဟလေလ၏သား အာဇရိ။ ဂေရရှုံသားချင်းစုမှဇိမ္မ၏သား ယောအာနှင့်ယောအာ၏သားဧဒင်။ ဧလိ ဇဖန်သားချင်းစုမှရှိမရိနှင့်ယေယေလ။ အာသပ်သားချင်းစုမှဇာခရိနှင့်မတ္တနိ။ ဟေမန်သားချင်းစုမှယေဟေလနှင့်ရှိမိ။ ယေဒုသုန်သားချင်းစုမှရှေမာယနှင့် သြဇေလ။
15 ထိုသူတို့သည်လေဝိအနွယ်ဝင်အချင်း ချင်းတို့အားစုဝေးစေပြီးလျှင် ဘာသာ ရေးထုံးနည်းအရသန့်စင်မှုကိုပြုစေ ကြ၏။ ထိုနောက်သူတို့သည်မင်းကြီးမိန့် မှာတော်မူခဲ့သည့်အတိုင်း ထာဝရဘုရား ၏တရားနှင့်အညီဗိမာန်တော်ကို သန့်စင်စေကြ၏။-
16 ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။
17 သူတို့သည်ပထမလတစ်ရက်နေ့မှအစ ပြု၍ မုခ်ဦးခန်းအပါအဝင်ဗိမာန်တော် သန့်စင်မှုကိုဆောင်ရွက်ကြရာရှစ်ရက်နေ့ ၌ပြီးစီးသွား၏။ ထိုနောက်သူတို့သည် ထပ်မံ၍ရှစ်ရက်တိုင်တိုင် လဆန်းတစ်ဆယ့် ခြောက်ရက်နေ့အထိဗိမာန်တော်ကိုဝတ် ပြုကိုးကွယ်မှုအတွက်ပြင်ဆင်ကြလေ သည်။
18 လေဝိအနွယ်ဝင်တို့သည် ဟေဇကိမင်း အား``အကျွန်ုပ်တို့သည်မီးရှို့ရာပူဇော် သကာများအတွက်ယဇ်ပလ္လင်၊ ရှေ့တော်မုန့် တင်ရာစားပွဲနှင့်အသုံးအဆောင်များ အပါအဝင်ဗိမာန်တော်တစ်ခုလုံးကို ဘာသာရေးထုံးနည်းအရသန့်စင်မှု ဆောင်ရွက်ပြီးကြပါပြီ။-
19 အကျွန်ုပ်တို့သည်ဘုရားသခင်အားအာ ခတ်မင်းသစ္စာဖောက်စဉ်အခါက ယူသွား သည့်အသုံးအဆောင်များကိုလည်းပြန် ၍ယူဆောင်ကာပြန်လည်ဆက်ကပ်ပြီး ကြပါပြီ။ ထိုအရာအားလုံးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ရှိပါ၏'' ဟုသံတော်ဦးတင်ကြ၏။