၂ ရာ​ချုပ် 29:25-31 BCL

25 မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။-

26 သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​အ​သုံး​ပြု​ခဲ့​သော တူ​ရိ​ယာ​မျိုး​များ​ကို​ကိုင်​၍​ရပ်​နေ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကိုင်​၍​ရပ်​နေ​ကြ​၏။-

27 မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​ရန် မင်း​ကြီး​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ပူ​ဇော် ဆက်​သ​မှု​ကို​အ​စ​ပြု​သော​အ​ခါ​လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လေ​သည်။ ဂီ​တ​ပ​ညာ​သည်​တို့​လည်း တံ​ပိုး​ခ​ရာ များ​နှင့်​အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​လေ​သည်။-

28 ထို​အ​ရပ်​တွင်​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့ သည် ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​သည် အ​ထိ​ပါ​ဝင်​၍​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သီ​ချင်း​သီ​ဆို​သူ​များ​က​သီ​ချင်း​သီ​ဆို​၍ တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ​က​တံ​ပိုး​ခ​ရာ မှုတ်​ကြ​ကုန်​၏။-

29 ထို​နောက်​မင်း​ကြီး​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​အား ရှိ​ခိုး​ကြ​လေ​သည်။-

30 ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။

31 ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။-