21 ယေရုရှလင်မြို့တွင်စုဝေးလျက်နေသော လူတို့သည် အလွန်ဝမ်းမြောက်ရွှင်လန်းစွာ ခုနစ်ရက်တိုင်တိုင်တဆေးမဲ့မုန့်ပွဲတော် ကိုကျင်းပကြကုန်၏။ လေဝိအနွယ်ဝင် များနှင့်ယဇ်ပုရောဟိတ်တို့သည်တစ်နေ့ပြီး တစ်နေ့ ထာဝရဘုရား၏ဂုဏ်တော်ကိုအစွမ်း ကုန်ချီးမွမ်းကြလေသည်။-
22 ထာဝရဘုရားအားဝတ်ပြုကိုးကွယ်မှုကို ကျွမ်းကျင်စွာစီစဉ်ဆောင်ရွက်ပေးသည့် အတွက် ဟေဇကိမင်းသည်လေဝိအနွယ် ဝင်တို့ကိုချီးကူးတော်မူ၏။သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု၍ ခုနစ်ရက်တိုင်တိုင်ယဇ်ပူဇော်ကြပြီးသော အခါ၊-
23 နောက်ထပ်ခုနစ်ရက်ကျင်းပရန်ဆုံးဖြတ်ကြ လျက် ထိုပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာ ဆက်လက်ကျင်းပကြကုန်၏။-
24 ဟေဇကိမင်းသည်လူတို့စားရန်အတွက် နွား ကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေခုနစ်ထောင် ကိုပေးလှူတော်မူ၏။ မှူးမတ်များကလည်း နွားကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေတစ် သောင်းကိုပေးလှူကြလေသည်။ ယဇ်ပုရော ဟိတ်အမြောက်အမြားပင်ဘာသာရေး ထုံးနည်းအရသန့်စင်မှုကိုပြုကြကုန်၏။-
25 သို့ဖြစ်၍ယုဒပြည်သူများ၊ ယဇ်ပုရောဟိတ် များ၊ လေဝိအနွယ်ဝင်များ၊ မြောက်အရပ်မှလာ ရောက်ကြသူများ၊ ဣသရေလပြည်နှင့်ယုဒ ပြည်တွင်အတည်တကျနေထိုင်ကြသူ လူမျိုး ခြားများသည်အားရဝမ်းမြောက်ကြလေသည်။-
26 ယေရုရှလင်မြို့သူမြို့သားတို့သည်ဒါဝိဒ် ၏သားတော်ရှောလမုန်မင်းလက်ထက်မှစ၍ ယနေ့တိုင်အောင်ဤသို့သောပွဲမျိုးကိုမကျင်း ပဘူးကြသဖြင့်အတိုင်းထက်အလွန် ဝမ်းမြောက်ကြကုန်၏။-
27 ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ သည်ပြည်သူတို့အတွက် ထာဝရဘုရားထံ တော်မှကောင်းချီးမင်္ဂလာကိုတောင်းလျှောက် ကြသဖြင့် ထာဝရဘုရားသည်စံတော်မူရာ ကောင်းကင်ဘုံမှသူတို့၏ပတ္ထနာကိုနား ညောင်းတော်မူ၏။