30 ကိုယ်တော်ရှင်သည်ရန်သူများကိုတိုက်ခိုက်ရန် ခွန်အားကိုလည်းကောင်း၊သူတို့၏ခံတပ်များကိုဖြိုခွင်းရန်တန်ခိုးကို လည်းကောင်းအကျွန်ုပ်အားပေးတော်မူ၏။
31 ဤဘုရားသခင်ပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံပါ၏။ကိုယ်တော်၏နှုတ်ကပတ်တော်သည်လည်း ယုံကြည်ကိုးစားထိုက်ပါပေသည်တကား။ကိုယ်တော်သည်မိမိအားကိုးစားသူအပေါင်း တို့ အတွက်ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
32 ထာဝရဘုရားတစ်ပါးတည်းသာလျှင် ဘုရားဖြစ်တော်မူ၏။ဘုရားသခင်သည်သာလျှင်ငါတို့ ကွယ်ကာရာဖြစ်တော်မူ၏။
33 ဤဘုရားကားငါခိုလှုံရာခိုင်ခံ့သည့် ရဲတိုက်ဖြစ်တော်မူ၏။ကိုယ်တော်သည်ငါလိုက်လျှောက်ရာ ခရီးလမ်းကိုဘေးမဲ့လုံခြုံစေတော်မူ၏။
34 ကိုယ်တော်သည်ငါ့အားသမင်ကဲ့သို့ခြေမြဲစေ၍ တောင်များပေါ်တွင်၊ဘေးမဲ့လုံခြုံစွာထားတော် မူ၏။
35 အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။
36 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အကျွန်ုပ် အား ကွယ်ကာစောင့်ရှောက်၍ကယ်တော်မူပါ၏။ကိုယ်တော်ရှင်ကူမတော်မူသဖြင့်အကျွန်ုပ်သည် ကြီးမြင့်လာရပါ၏။