၂ ရာ 22:34-40 BCL

34 ကိုယ်​တော်​သည်​ငါ့​အား​သ​မင်​ကဲ့​သို့​ခြေ​မြဲ​စေ​၍ တောင်​များ​ပေါ်​တွင်၊ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော် မူ​၏။

35 အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။

36 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​သ​ဖြင့်​အ​ကျွန်ုပ်​သည် ကြီး​မြင့်​လာ​ရ​ပါ​၏။

37 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ရန်​သူ​ဖမ်း​ဆီး​ခြင်း မ​ခံ​ရ​အောင်​စီ​ရင်​တော်​မူ​ပါ​၏။အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ခဲ့​သည်​မ​ရှိ​ပါ။

38 အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​လျက်သူ​တို့​အား​နှိမ်​နင်း​ပယ်​ရှား​ပြီး​သည့်​တိုင်​အောင် မ​ပြန်​ပါ။

39 အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​ပါ​၏။သူ​တို့​သည်​အ​ကျွန်ုပ်​၏​ခြေ​ရင်း​တွင်​လဲ​၍ အ​ညံ့​ခံ​ကြ​ပါ​၏။

40 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​စစ်​ပွဲ​ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​ပါ​၏။ရန်​သူ​များ​အ​ပေါ်​တွင်​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။