17 ရွှေချိန်လေးပေါင်ခန့်စီဖြင့်မွမ်းမံထားသောဒိုင်း ငယ်သုံးရာကိုလည်းပြုလုပ်၍ ထိုဒိုင်းအားလုံး ကိုလေဗနုန်ခန်းမဆောင်တွင်ထားရှိစေ၏။
18 မင်းကြီးသည်ရွှေစင်ဖြင့်မွမ်းမံထားသည့် ဆင် စွယ်ရာဇပလ္လင်ကြီးကိုလည်းပြုလုပ်တော်မူ၏။-
19-20 ရာဇပလ္လင်ကိုတက်ရန်လှေကားထစ်ခြောက်ထစ်ရှိ၍ ယင်းတို့၏အစွန်းတစ်ဘက်တစ်ချက်တွင်ခြင်္သေ့ ရုပ်တစ်ကောင်စီရှိသဖြင့် စုစုပေါင်းခြင်္သေ့ရုပ် တစ်ဆယ့်နှစ်ကောင်ရှိလေသည်။ ရာဇပလ္လင်၏ ကျောဘက်တွင်နွားလားဥသဘ၏ခေါင်းရုပ် တစ်ခုရှိ၍ လက်တင်နှစ်ခု၏ဘေးတစ်ဘက် တစ်ချက်၌ခြင်္သေ့ရုပ်တစ်ခုစီရှိလေသည်။ အခြားအဘယ်နိုင်ငံတွင်မျှဤသို့သော ရာဇပလ္လင်မျိုးမရှိချေ။
21 ရှောလမုန်၏သောက်တော်ရေဖလားမှန်သမျှ သည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခေါ်ခန်းမ ဆောင်တွင်ရှိသမျှသောအသုံးအဆောင်များ သည်လည်းရွှေစင်ဖြင့်ပြီးသတည်း။ ရှောလမုန် ၏လက်ထက်ကငွေကိုတန်ဖိုးမထားသဖြင့် ငွေအသုံးအဆောင်မထားချေ။-
22 မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
23 ရှောလမုန်မင်းသည်ဘုရင်တကာတို့ထက်ပို၍ စည်းစိမ်ချမ်းသာနှင့်ဉာဏ်ပညာရှိတော်မူ၏။-
24 ထို့ကြောင့်ကမ္ဘာအရပ်ရပ်မှလူတို့သည်မင်းကြီး အား ထာဝရဘုရားပေးတော်မူသောဉာဏ်ပညာ ဖြင့် မြွက်ဆိုသည့်စကားများကိုကြားနာရန် လာရောက်ကြ၏။-