12 သို့ရာတွင်ငါသည်သင့်ခမည်းတော်ဒါဝိဒ်၏ မျက်နှာကိုထောက်၍ သင်၏လက်ထက်၌ဤ အမှုကိုမပြုဘဲသင်၏သားလက်ထက် ရောက်မှပြုမည်။-
13 သို့သော်လည်းငါသည်ငါ့အစေခံဒါဝိဒ်၏ မျက်နှာကိုထောက်၍လည်းကောင်း၊ ငါ၏မြို့တော် အဖြစ်ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့ ကိုထောက်ထား၍လည်းကောင်း သူ၏ထံမှတစ် နိုင်ငံလုံးကိုမရုပ်သိမ်း။ သူ၏အတွက်တစ်နွယ် ကိုချန်ထားမည်'' ဟုရှောလမုန်အားဗျာဒိတ် ပေးတော်မူ၏။
14 သို့ဖြစ်၍ထာဝရဘုရားသည် ဧဒုံမင်းမျိုးနွယ် တစ်ဦးဖြစ်သူဟာဒဒ်အား ရှောလမုန်ကိုပုန်ကန် စေတော်မူ၏။-
15-16 ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။-
17 ဟာဒဒ်နှင့်သူ့ဖခင်၏အစေခံအချို့သာလျှင် လွတ်မြောက်၍ အီဂျစ်ပြည်သို့ထွက်ပြေးကြ၏။ (ထိုစဉ်အခါကဟာဒဒ်သည်ကလေးသူငယ် မျှသာရှိသေး၏။-)
18 သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
19 ဟာဒဒ်သည်မင်းကြီးနှင့်ချစ်ကျွမ်းဝင်၍လာ ရကား မင်းကြီးကသူ့အားမိဖုရားတာပနက် ၏ညီမ၊ မိမိ၏ခယ်မတော်နှင့်စုံဖက်ပေးတော် မူ၏။-