၃ ရာ 12:14-20 BCL

14 လူ​ငယ်​လူ​ရွယ်​တို့​ပေး​သည့်​အ​ကြံ​အ​တိုင်း​ထို သူ​တို့​အား``ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး သည်​မှန်​၏။ ငါ​တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို ၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့် ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု ခက်​ထန်​စွာ​ဖြေ​ကြား​တော်​မူ​၏။-

15 မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​အား​အ​လေး ဂ​ရု​မ​ပြု​ဘဲ​နေ​တော်​မူ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​ယေ​ရော​ဗောင်​အား​ကိုယ်​တော် ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​အ​လို ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

16 မိ​မိ​တို့​၏​ပန်​ကြား​ချက်​ကို မင်း​ကြီး​နား​ထောင် တော့​မည်​မ​ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ တို့​က``ဒါ​ဝိဒ်​၌​ငါ​တို့​လူ​မျိုး​တော်​မ​ရှိ။ ယေ​ရှဲ ၏​သား​၌​ငါ​တို့​အ​မွေ​မ​ရှိ။ အို ဣ​သ​ရေ​လ​ပြည် သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ အို ဒါ​ဝိဒ်၊ သင်​၏​အိမ်​ကို​ပြန်​ကြည့်​လော့'' ဟု​ဟစ်​အော်​ကြ ကုန်​၏။သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ပုန်​ကန် ကြ​၏။-

17 ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​လျှင် အုပ်​စိုး​ရ​လေ​သည်။

18 ထို​အ​ခါ​ရော​ဗောင်​မင်း​သည် ချွေး​တပ်​တာ​ဝန်​ခံ အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အမျိုး​သား​တို့​က ထို​သူ့​အား​ခဲ​နှင့်​ပစ်​သတ်​ကြ သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ်​သို့​အ​ဆော တ​လျင်​တက်​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ထွက်​ပြေး လေ​၏။-

19 ထို​ကာ​လ​မှ​စ​၍​ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​မျိုး​ကို​ပုန်​ကန် ကြ​လေ​သ​တည်း။

20 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် မှ​ယေ​ရော​ဗောင်​ပြန်​လည်​ရောက်​ရှိ​လာ​သည့် သ​တင်း​ကို​ကြား​သော​အ​ခါ သူ့​အား​လူ​ထု အ​စည်း​အ​ဝေး​သို့​ဖိတ်​ခေါ်​ကာ ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​ကုန်​၏။ ယု​ဒ အ​နွယ်​သာ​လျှင်​ဒါ​ဝိဒ်​၏​သား​မြေး​တို့ အ​ပေါ်​တွင်​သစ္စာ​စောင့်​ကြ​လေ​သည်။