23 ရောဗောင်မင်းနှင့်တကွယုဒအနွယ်ဝင်နှင့် ဗင်္ယာမိန်အနွယ်ဝင်အပေါင်းတို့အား၊-
24 ``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။
25 ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊-
26-27 ``ငါ၏ပြည်သူတို့သည်ယခုအတိုင်းယေရု ရှလင်မြို့ရှိဗိမာန်တော်သို့သွား၍ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြလျှင် သူတို့ သည်ယုဒဘုရင်ရောဗောင်၏ကျေးဇူးသစ္စာ ကိုပြောင်းလဲခံယူကာငါ့အားလုပ်ကြံ ကြပေလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
28 ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
29 ထို့နောက်ရွှေနွားလားဥသဘရုပ်တစ်ကောင် ကိုဗေသလမြို့၌လည်းကောင်း၊ အခြားတစ် ကောင်ကိုဒန်မြို့၌လည်းကောင်းထားတော်မူ၏။-
30 ထို့ကြောင့်ပြည်သူတို့သည်ထိုမြို့များသို့သွား ရောက်ကာ ကိုးကွယ်ဝတ်ပြုလျက်အပြစ်ကူး လွန်ကြကုန်၏။-