၃ ရာ 12:29-33 BCL

29 ထို့​နောက်​ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ကောင် ကို​ဗေ​သ​လ​မြို့​၌​လည်း​ကောင်း၊ အ​ခြား​တစ် ကောင်​ကို​ဒန်​မြို့​၌​လည်း​ကောင်း​ထား​တော်​မူ​၏။-

30 ထို့​ကြောင့်​ပြည်​သူ​တို့​သည်​ထို​မြို့​များ​သို့​သွား ရောက်​ကာ ကိုး​ကွယ်​ဝတ်​ပြု​လျက်​အ​ပြစ်​ကူး လွန်​ကြ​ကုန်​၏။-

31 ယေ​ရော​ဗောင်​သည်​တောင်​ထိပ်​များ​တွင်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​ပြီး လျှင် လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ်​သော​သူ​တို့​အား ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​လေ သည်။

32 ယေ​ရော​ဗောင်​သည်​ယု​ဒ​ပြည်​တွင်​ကျင်း​ပ​သည့် ပွဲ​တော်​နှင့်​အ​လား​တူ​ဘာ​သာ​ရေး​ပွဲ​တော်​ကို လည်း အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌​ကျင်း​ပ ရန်​ပြ​ဋ္ဌာန်း​တော်​မူ​၏။ သူ​သည်​မိ​မိ​သွန်း​လုပ် ထား​သော​နွား​လား​ဥ​သ​ဘ​ရုပ်​များ​အား ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူ​ဇော်​၍ မိ​မိ​ဆောက်​လုပ်​ထား​သည့်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင် အ​မှု​တော်​ဆောင် လျက်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ထို မြို့​၌​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။-

33 မင်း​ကြီး​သည်​မိ​မိ​သတ်​မှတ်​ပေး​သည့်​နေ့​ရက် ဖြစ်​သည့် အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌ ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​သို့​သွား​၍ ယဇ်​ပူ​ဇော် ကာ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အ​တွက် မိ​မိ​ကိုယ် တိုင်​တီ​ထွင်​ပြ​ဋ္ဌာန်း​ပေး​သည့်​ပွဲ​တော်​ကို ကျင်း​ပ​တော်​မူ​သ​တည်း။