1 ယုဒပြည်မှပရောဖက်တစ်ပါးသည် ထာဝရ ဘုရား၏အမိန့်တော်အရဗေသလမြို့သို့ သွားရာယဇ်ပူဇော်ရန် ယဇ်ပလ္လင်တွင်ယေရော ဗောင်ရပ်လျက်နေချိန်၌ရောက်ရှိလာလေသည်။-
2 ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
3 ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
4 ထိုစကားကိုကြားလျှင်ယေရောဗောင်မင်းသည် ပရောဖက်အားလက်ညှိုးထိုး၍``ထိုသူကိုဖမ်း ဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထိုခဏ ၌သူသည်လေဖြတ်သဖြင့်မိမိ၏လက်ကို ပြန်လည်ရုပ်သိမ်း၍မရတော့ချေ။-
5 ပရောဖက်သည်ထာဝရဘုရား၏နှုတ်ကပတ် တော်ကိုကြိုတင်ဖော်ပြခဲ့သည့်အတိုင်း ယဇ်ပလ္လင် သည်လည်းရုတ်တရက်ပြိုကွဲကာပြာတို့သည် မြေပေါ်သို့ဖိတ်စင်၍ကျလေသည်။-