13 ပရောဖက်အိုကြီးက``ငါ၏မြည်းကိုကုန်းနှီး တင်ကြလော့'' ဟုဆိုသည့်အတိုင်းသားတို့ သည်ကုန်းနှီးတင်၍ပေးကြ၏။-
14 ထိုအခါသူသည်မြည်းကိုစီး၍ယုဒပရော ဖက်၏နောက်သို့လိုက်လေ၏။ ဝက်သစ်ချပင် တစ်ပင်အောက်တွင်ထိုပရောဖက်ထိုင်လျက် နေသည်ကိုတွေ့သောအခါ ပရောဖက်အို ကြီးက``သင်သည်ယုဒပြည်မှလာသော ပရောဖက်လော'' ဟုမေး၏။ထိုသူကလည်း``ဟုတ်ပါသည်'' ဟုဖြေ၏။
15 ``ငါနှင့်အတူအိမ်သို့လိုက်၍အစားအစာကို စားသောက်ပါလော့'' ဟုပရောဖက်အိုကြီးက ခေါ်ဖိတ်၏။
16 သို့ရာတွင်ယုဒပရောဖက်က``ငါသည်သင်နှင့် အတူမလိုက်နိုင်။ သင်ဧည့်ဝတ်ပြုသည်ကိုလည်း လက်မခံနိုင်။ သင်နှင့်အတူဤအရပ်တွင် အဘယ်အစာရေစာကိုမျှမစားမသောက် နိုင်။-
17 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားက ငါ့အား`အဘယ်အစာရေစာကိုမျှမစား မသောက်နှင့်။ လာလမ်းအတိုင်းလည်းမပြန် နှင့်' ဟုပညတ်တော်မူသောကြောင့်ဖြစ်ပါ သည်'' ဟုပြန်ပြောလေ၏။
18 ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
19 ယုဒပရောဖက်သည်သူနှင့်အတူ အိမ်သို့ လိုက်၍အစားအစာကိုသုံးဆောင်လေသည်။-