၃ ရာ 13:16-23 BCL

16 သို့​ရာ​တွင်​ယု​ဒ​ပ​ရော​ဖက်​က``ငါ​သည်​သင်​နှင့် အ​တူ​မ​လိုက်​နိုင်။ သင်​ဧည့်​ဝတ်​ပြု​သည်​ကို​လည်း လက်​မ​ခံ​နိုင်။ သင်​နှင့်​အ​တူ​ဤ​အ​ရပ်​တွင် အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား​မ​သောက် နိုင်။-

17 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား မ​သောက်​နှင့်။ လာ​လမ်း​အ​တိုင်း​လည်း​မ​ပြန် နှင့်' ဟု​ပ​ညတ်​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ သည်'' ဟု​ပြန်​ပြော​လေ​၏။

18 ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊

19 ယု​ဒ​ပ​ရော​ဖက်​သည်​သူ​နှင့်​အ​တူ အိမ်​သို့ လိုက်​၍​အ​စား​အ​စာ​ကို​သုံး​ဆောင်​လေ​သည်။-

20 သူ​တို့​သည်​စား​ပွဲ​တွင်​ထိုင်​လျက်​နေ​စဉ်​ပ​ရော ဖက်​အို​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ရောက်​၍၊-

21-22 ယု​ဒ​ပ​ရော​ဖက်​အား``ထာ​ဝရ​ဘု​ရား​က​သင်​သည် ငါ​၏​စ​ကား​တော်​ကို​မ​နာ​ခံ။ ငါ​၏​အ​မိန့်​တော် အ​တိုင်း​မ​ဆောင်​ရွက်။ အ​စား​အ​စာ​မ​စား​ရန်​ငါ မှာ​ကြား​သော်​လည်း ဤ​အ​ရပ်​သို့​ပြန်​လာ​ကာ​စား သောက်​သည်​ဖြစ်​သော​ကြောင့်​အ​သတ်​ခံ​ရ​လိမ့်​မည်။ သင်​၏​အ​လောင်း​ကို​ဘိုး​ဘေး​တို့​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ရ​လိမ့်​မည်​ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

23 သူ​တို့​စား​သောက်​၍​ပြီး​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​သည်​မြည်း​ကို​ကုန်း​နှီး​တင်​၍​ပေး​သ​ဖြင့်၊-