25 သူ၏အလောင်းသည်လမ်းပေါ်တွင်လဲလျက် မြည်းနှင့်ခြင်္သေ့သည်လည်း ထိုအလောင်းအနီး ၌ပင်ရပ်လျက်နေကြ၏။ ယင်းသို့လမ်းပေါ် တွင်လဲနေသောအလောင်းကိုလည်းကောင်း၊ အနီးတွင်ရပ်လျက်နေသောမြည်းနှင့်ခြင်္သေ့ ကိုလည်းကောင်းခရီးသွားသူအချို့တို့ မြင်ကြ၏။ သူတို့သည်ဗေသလမြို့သို့ သွားပြီးလျှင်မိမိတို့တွေ့မြင်ခဲ့ရသည့် အဖြစ်အပျက်ကိုပြောကြားကြ၏။