30 သူသည်ထိုအလောင်းကိုမိမိ၏အိမ်ထောင်စု သင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီးနောက် မိမိ၏သားများ နှင့်အတူ``အို ငါ့ညီ၊ ငါ့ညီ'' ဟုဆို၍ငိုကြွေး မြည်းတမ်းလေသည်။-
31 ထိုနောက်ပရောဖက်အိုကြီးသည်မိမိ၏သား များအား``ငါသေသောအခါထိုသူ၏အနီး တွင်ကပ်၍ဤသင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလော့။-
32 ဗေသလမြို့ရှိယဇ်ပလ္လင်နှင့် ပတ်သက်၍လည်း ကောင်း၊ ရှမာရိမြို့များရှိဝတ်ပြုကိုးကွယ်ရာ ဌာနများနှင့်ပတ်သက်၍လည်းကောင်း၊ ထာဝရ ဘုရားအမိန့်တော်အရထိုသူပြန်ကြားသည့် စကား မှန်သမျှသည်မုချအကောင်အထည် ပေါ်လာလိမ့်မည်'' ဟုဆို၏။
33 ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။-
34 ဤသို့သူကူးလွန်သည့်အပြစ်ကြောင့်သူ၏ မင်းဆက်သည်လုံးဝပျက်သုဉ်း၍သွားလေ၏။