4 ထိုစကားကိုကြားလျှင်ယေရောဗောင်မင်းသည် ပရောဖက်အားလက်ညှိုးထိုး၍``ထိုသူကိုဖမ်း ဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထိုခဏ ၌သူသည်လေဖြတ်သဖြင့်မိမိ၏လက်ကို ပြန်လည်ရုပ်သိမ်း၍မရတော့ချေ။-
5 ပရောဖက်သည်ထာဝရဘုရား၏နှုတ်ကပတ် တော်ကိုကြိုတင်ဖော်ပြခဲ့သည့်အတိုင်း ယဇ်ပလ္လင် သည်လည်းရုတ်တရက်ပြိုကွဲကာပြာတို့သည် မြေပေါ်သို့ဖိတ်စင်၍ကျလေသည်။-
6 ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
7 ထိုအခါမင်းကြီးကပရောဖက်အား``အကျွန်ုပ် နှင့်အတူ နန်းတော်သို့လိုက်၍အစားအစာ သုံးဆောင်ပါလော့။ သင့်အားလက်ဆောင်ပေး ပါမည်'' ဟုဆို၏။
8 ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
9 ထာဝရဘုရားကငါ့အားအဘယ်အစာ ရေစာကိုမျှမစားမသောက်ရန်နှင့် လာလမ်း အတိုင်းမပြန်ရန်ပညတ်တော်မူပြီ'' ဟု လျှောက်၏။-
10 ထို့နောက်သူသည်လာလမ်းဖြင့်မပြန်ဘဲ အခြားလမ်းဖြင့်ပြန်လေ၏။