၃ ရာ 14:14-20 BCL

14 ထာ​ဝရ​ဘု​ရား​သည်​ယေ​ရော​ဗောင်​၏​မင်း ဆက်​ကို​ပျက်​သုဉ်း​စေ​မည့်​မင်း​တစ်​ပါး​အား ဣသ​ရေ​လ​ပြည်​တွင်​အုပ်​စိုး​စေ​တော်​မူ​လိမ့် မည်။-

15 ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဣသ​ရေ​လ ပြည်​သည်​ချောင်း​ငယ်​တွင်​တုန်​လှုပ်​လျက်​နေ​သော ကူ​ပင်​သ​ဖွယ်​တုန်​လှုပ်​သွား​လိမ့်​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဘိုး​ဘေး​များ​အား​ကိုယ်​တော် ပေး​အပ်​တော်​မူ​ခဲ့​သည့် ဤ​သာ​ယာ​သော​ပြည်​တော် မှ​နုတ်​ပယ်​ခြင်း​ကို​ခံ​ရ​ကာ​ဥ​ဖ​ရတ်​မြစ်​တစ် ဖက်​ကမ်း​သို့​ကွဲ​လွင့်​သွား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​တို့​သည်​အာ​ရှ​ရ​ဘု​ရား​မ ရုပ်​များ​ကို​ပြု​လုပ်​လျက်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။-

16 ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။

17 ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည် တိ​ရ​ဇ​မြို့​သို့​ပြန် လည်​ထွက်​ခွာ​သွား​၏။ သူ​သည်​မိ​မိ​နန်း​တော်​သို့ ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက်​သူ​၏​သား​သည်​သေ လေ​၏။-

18 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​အ​ဟိ​ယ​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထို​သူ​ငယ်​၏​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​၍ သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​၏။

19 ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

20 ယေ​ရော​ဗောင်​သည်​နှစ်​ဆယ့်​နှစ်​နှစ်​တိုင်​တိုင်​နန်း​စံ တော်​မူ​ခဲ့​၏။ သူ​ကွယ်​လွန်​သော​အ​ခါ​သား​တော် နာ​ဒဒ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​၏။