၃ ရာ 14:4-10 BCL

4 သို့​ဖြစ်​၍​မိ​ဖု​ရား​သည် ရှိ​လော​မြို့​ရှိ​အ​ဟိ​ယ ၏​အိမ်​သို့​သွား​လေ​သည်။ အ​ဟိ​ယ​သည် အ​သက်​ကြီး​သ​ဖြင့်​မျက်​စိ​ကွယ်​လျက်​နေ​၏။-

5 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရော​ဗောင်​၏​မိ​ဖု​ရား သည် ဖျား​နာ​နေ​သော​သား​အ​ကြောင်း​ကို​မေး မြန်း​စုံ​စမ်း​ရန်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ့ အား​ဤ​အ​တိုင်း​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည်​အ​ဟိ​ယ​ထံ​သို့ ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​ကိုယ်​ကို​အ​ခြား သူ​၏​အ​ယောင်​ကို​ဆောင်​၍​လာ​၏။-

6 သို့​ရာ​တွင်​အ​ဟိ​ယ​သည်​တံ​ခါး​ဝ​မှ​သူ​၏ ခြေ​သံ​ကို​ကြား​သည်​နှင့်``ဝင်​ခဲ့​လော့။ သင်​သည် ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​ဖြစ်​ကြောင်း​ကို​ငါ သိ​၏။ အ​ဘယ်​ကြောင့်​သင်​သည် မိ​မိ​ကိုယ်​ကို အ​ခြား​သူ​၏​အ​ယောင်​ကို​ဆောင်​သ​နည်း။ သင်​၏​အ​တွက်​ငါ့​မှာ​သ​တင်း​ဆိုး​ရှိ​၏။-

7 ယေ​ရော​ဗောင်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​ဤ​သို့​တည်း။ ကိုယ်​တော်​က`ငါ​သည်​သင့် အား​ပြည်​သူ​များ​အ​ထဲ​မှ​ရွေး​ချယ်​၍ ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​အုပ်​စိုး​စေ​ခဲ့​၏။-

8 ဒါ​ဝိဒ်​၏​သား​မြေး​များ​လက်​မှ​နိုင်​ငံ​တော်​ကို ယူ​၍ သင့်​အား​ပေး​အပ်​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည် ငါ့​အား​အ​ကြွင်း​မဲ့​သစ္စာ​စောင့်​၍​ငါ​၏​ပ​ညတ် တို့​ကို​စောင့်​ထိန်း​ကာ ငါ​နှစ်​သက်​သည့်​အ​မှု များ​ကို​သာ​ပြု​သော​ငါ​၏​အစေ​ခံ​ဒါ​ဝိဒ်​နှင့် မ​တူ။-

9 သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။-

10 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-