26 သူသည်မိမိ၏နောင်တော်ဘုရင်ယေရောဗောင် ကဲ့သို့ မိမိ၏အပြစ်များအားဖြင့်လည်းကောင်း၊ ပြည်သူတို့အားအပြစ်ကူးရန်နှင့်ရုပ်တု များကိုဝတ်ပြုကိုးကွယ်ကြရန်ရှေ့ဆောင်လမ်း ပြပေးခြင်းအားဖြင့်လည်းကောင်း ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး၏။-
27 သြမရိဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှနှင့် သူ၏စွန့်စားခန်းများ ကိုဣသရေလရာဇဝင်တွင်ရေးသားထား သတည်း။-
28 သြမရိကွယ်လွန်သောအခါရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်အာဟပ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
29 ယုဒဘုရင်အာသနန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ သြမရိ၏သားတော်အာဟပ်သည် ဣသရေလဘုရင်ဖြစ်လာပြီးလျှင် ရှမာရိ မြို့တွင်နှစ်ဆယ့်နှစ်နှစ်နန်းစံလေသည်။-
30 သူသည်မိမိ၏နောင်တော့်နောင်တော်ဘုရင် အပေါင်းတို့ထက် ပိုမိုဆိုးရွားစွာထာဝရ ဘုရားအားပြစ်မှားလေသည်။-
31 သူသည်ယေရောဗောင်ကဲ့သို့အပြစ်ကူးရရုံ ဖြင့်မကျေနပ်ဘဲ ထိုထက်တစ်ဆင့်တက်ပြီး လျှင်ဇိဒုန်မင်းဧသဗာလ၏သမီးတော် ယေဇဗေလကိုမိဖုရားမြှောက်၍ဗာလ ဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။-
32 သူသည်ရှမာရိမြို့တွင်ဗာလဘုရားအတွက် ဗိမာန်တော်ကိုတည်ဆောက်ကာထိုဗိမာန်တွင် ယဇ်ပလ္လင်ကိုတည်၏။-