27 သြမရိဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှနှင့် သူ၏စွန့်စားခန်းများ ကိုဣသရေလရာဇဝင်တွင်ရေးသားထား သတည်း။-
28 သြမရိကွယ်လွန်သောအခါရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်အာဟပ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
29 ယုဒဘုရင်အာသနန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ သြမရိ၏သားတော်အာဟပ်သည် ဣသရေလဘုရင်ဖြစ်လာပြီးလျှင် ရှမာရိ မြို့တွင်နှစ်ဆယ့်နှစ်နှစ်နန်းစံလေသည်။-
30 သူသည်မိမိ၏နောင်တော့်နောင်တော်ဘုရင် အပေါင်းတို့ထက် ပိုမိုဆိုးရွားစွာထာဝရ ဘုရားအားပြစ်မှားလေသည်။-
31 သူသည်ယေရောဗောင်ကဲ့သို့အပြစ်ကူးရရုံ ဖြင့်မကျေနပ်ဘဲ ထိုထက်တစ်ဆင့်တက်ပြီး လျှင်ဇိဒုန်မင်းဧသဗာလ၏သမီးတော် ယေဇဗေလကိုမိဖုရားမြှောက်၍ဗာလ ဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။-
32 သူသည်ရှမာရိမြို့တွင်ဗာလဘုရားအတွက် ဗိမာန်တော်ကိုတည်ဆောက်ကာထိုဗိမာန်တွင် ယဇ်ပလ္လင်ကိုတည်၏။-
33 အာရှရဘုရားမကိုဝတ်ပြုကိုးကွယ်ရန် အတွက် တံခွန်တိုင်ကိုလည်းစိုက်ထူလေသည်။ သူသည်မိမိ၏နောင်တော့်နောင်တော်ဣသရေ လဘုရင်အပေါင်းတို့ထက်ပင် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၏အမျက်တော်ကိုပို၍လှုံ့ဆော် ပေး၏။-