2 ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။-
3 ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
4 တစ်နေ့လုံးတောကန္တာရတွင်ခရီးပြုလေသည်။ သူသည်သစ်ပင်အရိပ်တစ်ခုသို့ရောက်သော အခါထိုင်လျက်သေလျှင်သာ၍ကောင်း၏ဟု ဆို၍``အို ထာဝရဘုရား၊ ဤအဖြစ်ဆိုးလွန်း ပါ၏။ အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော် မူပါ။ အကျွန်ုပ်သည်သေရသော်သာ၍ကောင်း ပါသေး၏'' ဟူသောဆုကိုတောင်းလေ၏။
5 သူသည်သစ်ပင်အောက်တွင်လှဲလျက်အိပ်ပျော် လေ၏။ ကောင်းကင်တမန်တစ်ပါးသည်သူ့ အားတို့ပြီးလျှင်``ထ၍စားလော့'' ဟုဆို၏။-
6 ဧလိယသည်လှည့်၍ကြည့်လိုက်ရာခေါင်းရင်း၌ မုန့်တစ်လုံးနှင့်ရေတစ်ဘူးကိုတွေ့သဖြင့်စား သောက်ပြီးနောက်အိပ်ပြန်၏။-
7 ကောင်းကင်တမန်သည်ဒုတိယအကြိမ်လာပြီး လျှင်``သင်သွားရမည့်ခရီးဝေးသောကြောင့် ထ၍စားဦးလော့'' ဟုဆို၏။-
8 ထို့ကြောင့်ဧလိယသည်ထ၍စားပြီးနောက် သန့်ရှင်းမြင့်မြတ်သောသိနာတောင်သို့ ရက်ပေါင်း လေးဆယ်တိုင်တိုင်ခြေလျင်ခရီးပြုနိုင်သော ခွန်အားကိုရရှိလေသည်။-