13 မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
14 နာဗုတ်အားသေဒဏ်ခတ်ပြီးကြောင်းကိုလည်း ယေဇဗေလထံသတင်းပေးပို့ကြလေသည်။
15 ထိုသတင်းကိုရလျှင်ရခြင်းယေဇဗေလသည် အာဟပ်အား``နာဗုတ်သေပြီဖြစ်၍ယခုအရှင် သွား၍သူမရောင်းလိုသောစပျစ်ဥယျာဉ်ကို သိမ်းယူတော်မူပါလော့'' ဟုလျှောက်၏။-
16 အာဟပ်သည်လည်းထိုဥယျာဉ်ကိုသိမ်းယူ ရန်ချက်ချင်းထ၍သွားတော်မူ၏။
17 ထိုအခါထာဝရဘုရားသည်တိရှဘိမြို့သား ပရောဖက်ဧလိယအား၊-
18 ``သင်သည်ရှမာရိမြို့ရှိအာဟပ်မင်းထံသို့သွား လော့။ သူသည်နာဗုတ်၏ဥယျာဉ်ကိုသိမ်းယူရန် ထိုဥယျာဉ်ထဲ၌ရှိနေသည်ကိုတွေ့လိမ့်မည်။-
19 ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။