47 ဧဒုံပြည်တွင်ဘုရင်မရှိ။ ယုဒဘုရင်ခန့်ထား သည့်ဘုရင်ခံကထိုပြည်ကိုအုပ်ချုပ်ရလေသည်။
48 ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။-
49 ထိုအခါဣသရေလဘုရင်အာခဇိကမိမိ ၏လူတို့နှင့်အတူ ယောရှဖတ်၏လူတို့အား သင်္ဘောလွှင့်ခွင့်ပြုမည်ဟု စကားကမ်းလှမ်းသော် လည်းယောရှဖတ်ကထိုကမ်းလှမ်းချက်ကို လက်ခံတော်မမူ။
50 ယောရှဖတ်ကွယ်လွန်သောအခါ သူ့ကိုယေရု ရှလင်မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ယဟောရံသည် ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
51 ယုဒဘုရင်ယောရှဖတ်၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌အာဟပ်၏သားတော်အာခဇိသည် ဣသရေလပြည်တွင်နန်းတက်၍ရှမာရိမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
52 သူသည်ခမည်းတော်အာဟပ်နှင့်မယ်တော်ယေဇ ဗေလ၏စံနမူနာကိုလည်းကောင်း၊ ဣသရေလ ပြည်သူတို့အားအပြစ်ကူးစေရန် ရှေ့ဆောင် လမ်းပြခဲ့သူ ယေရောဗောင်မင်း၏စံနမူနာ ကိုလည်းကောင်းယူ၍၊-
53 ဗာလဘုရားကိုဝတ်ပြုကိုးကွယ်ကာ မိမိ အလျင်နန်းစံတော်မူခဲ့သည့်ခမည်းတော်ကဲ့ သို့ပင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို လှုံ့ဆော်လေသည်။ ဋ္ဌမ္မရာဇဝင်တတိယစောင်ပြီး၏။