7 သို့ရာတွင်ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖက်မရှိပါသလော'' ဟုမေး၏။
8 အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
9 သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း သွားခေါ်ခဲ့ရန်အမိန့်ပေးတော်မူ၏။
10 ဘုရင်နှစ်ပါးတို့သည် မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များအပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ပရော ဖက်အပေါင်းတို့သည်လည်းရှေ့ဖြစ်ကိုဟော ၍နေကြ၏။-
11 ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`ကိုယ်တော် သည်ဤဦးချိုများဖြင့်ရှုရိအမျိုးသားတို့ အားချေမှုန်းလိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
12 အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
13 ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။