13 ရှောလမုန်သည်ဣသရေလပြည်တစ်ပြည်လုံး မှ လူသုံးသောင်းကိုချွေးတပ်သားအဖြစ်ဖြင့် ဆင့်ခေါ်တော်မူပြီးလျှင်၊-
14 အဒေါနိရံအားသူတို့ကိုအုပ်ချုပ်စေတော် မူ၏။ မင်းကြီးသည်ထိုသူတို့အားလူတစ် သောင်းစီအဖွဲ့သုံးဖွဲ့ဖွဲ့တော်မူ၍ တစ်ဖွဲ့ကို တစ်လကျလေဗနုန်တောင်သို့စေလွှတ်ပြီး လျှင် နှစ်လမျှအိမ်သို့ပြန်၍နေထိုင်ခွင့်ပြု တော်မူ၏။-
15 ရှောလမုန်သည်ကျောက်ဆစ်ရန်လူရှစ်သောင်း ကိုလည်းကောင်း၊ ကျောက်သယ်မည့်သူလူခုနစ် သောင်းနှင့်အတူတောင်ပေါ်ဒေသသို့စေ လွှတ်တော်မူ၏။-
16 ထို့နောက်မင်းကြီးသည်ထိုသူတို့၏အလုပ် ကိုကြီးကြပ်သူ လူသုံးထောင်သုံးရာကိုခန့် ထားတော်မူ၏။-
17 ရှောလမုန်မင်း၏အမိန့်တော်အရထို ချွေးတပ်သားတို့သည် ဗိမာန်တော်တိုက်မြစ် အတွက်ကျောက်တုံးကြီးများကိုဆစ်ရ ကြ၏။-
18 ရှောလမုန်၏အလုပ်သမားများနှင့်ဟိရံ၏ အလုပ်သမားများသည်ဗိမာန်တော်ဆောက်လုပ် ရန်အတွက် ဂေဗာလမြို့သားများနှင့်အတူ ကျောက်များနှင့်သစ်များကိုပြင်ဆင်ကြ လေသည်။