15 ထာဝရဘုရား၏ကောင်းကင်တမန်ကဧလိယ အား``မကြောက်နှင့်။ ထိုသူနှင့်အတူလိုက်သွား လော့'' ဟုဆိုသဖြင့် ဧလိယသည်မင်းကြီးထံ သို့တပ်မှူးနှင့်အတူလိုက်သွားပြီးလျှင်၊-
16 ``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။
17 ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
18 အာခဇိမင်း၏အခြားလုပ်ဆောင်ချက်ရှိ သမျှတို့ကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။