၄ ရာ 1:5-11 BCL

5 သံ​တ​မန်​တို့​သည်​မင်း​ကြီး​ထံ​သို့​ပြန်​ကြ​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သင်​တို့​ပြန်​လာ ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

6 ထို​သူ​တို့​က``လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​နှင့် လာ​ရောက်​တွေ့​ဆုံ​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား`ဣ​သ​ရေ​လ​ပြည်​တွင်​ဘု​ရား​မ​ရှိ သော​ကြောင့် ဧ​ကြုန်​ဘု​ရား​ထံ​သံ​တ​မန်​များ စေ​လွှတ်​၍​စုံ​စမ်း​မေး​မြန်း​ရ​သ​လော။ သင်​သည် သင်​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍​ထ​နိုင်​မည် မ​ဟုတ်။ သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း အ​ရှင့်​ထံ​ပြန်​ကြား​လျှောက်​ထား​ရန် အ​ကျွန်ုပ် တို့​အား​ပြော​ကြား​သွား​ပါ​သည်'' ဟု​သံ တော်​ဦး​တင်​ကြ​၏။

7 မင်း​ကြီး​က``ထို​သူ​၏​ပုံ​ပန်း​သဏ္ဌာန်​ကား အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။

8 ထို​သူ​တို့​က``သူ​သည်​တိ​ရစ္ဆာန်​သား​ရေ​ဖြင့် ချုပ်​လုပ်​ထား​သည့်​ဝတ်​လုံ​ကို​ဝတ်​၍ သား​ရေ ခါး​ပတ်​ကို​စည်း​ထား​ပါ​သည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​သည်​ဧ​လိ​ယ​ဖြစ် ပါ​သည်​တကား'' ဟု​မြွက်​ဆို​တော်​မူ​၏။

9 ထို​နောက်​မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​ကို လူ​ငါး​ဆယ်​တပ်​နှင့်​အ​တူ​ဧ​လိ​ယ​ထံ​သို့ စေ​လွှတ်​တော်​မူ​၏။ တပ်​မှူး​သည်​တောင်​ကုန်း တစ်​ခု​ပေါ်​တွင်​ဧ​လိ​ယ​ထိုင်​နေ​သည်​ကို​တွေ့ မြင်​သ​ဖြင့် သူ့​အား``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ ဆင်း​ခဲ့​လော့။ ဘု​ရင်​အမိန့်​တော်​ရှိ​သည်'' ဟု ဆို​၏။

10 ဧ​လိ​ယ​က``ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​စေ ခံ​မှန်​လျှင် ကောင်း​ကင်​မှ​မီး​ကျ​၍​သင်​နှင့်​သင် ၏​တပ်​သား​တို့​ကို​ကျွမ်း​လောင်​ပါ​စေ​သော'' ဟု ဆို​သော်​ချက်​ချင်း​ပင်​မီး​ကျလာ​သ​ဖြင့် တပ်​မှူး နှင့်​သူ​၏​တပ်​သား​တို့​သည်​ကျွမ်း​လောင်​လေ ၏။

11 မင်း​ကြီး​သည်​အ​ခြား​တပ်​မှူး​တစ်​ယောက်​နှင့် လူ​ငါး​ဆယ်​တပ်​ကို​စေ​လွှတ်​ပြန်​၏။ သူ​တို့ သည်​ဧ​လိ​ယ​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင် ၏​အ​စေ​ခံ၊ အ​မြန်​ဆင်း​ခဲ့​လော့။ ဘု​ရင် အ​မိန့်​တော်​ရှိ​သည်'' ဟု​ဆို​၏။