1 အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊-
2 ``သင်တို့သည်မင်းကြီး၏သားမြေးများ ကိုတာဝန်ယူစောင့်ရှောက်ရကြသူများဖြစ် သဖြင့် သင်တို့၌စစ်ရထားတပ်၊ မြင်းတပ်၊ လက်နက်၊ ခံတပ်မြို့များရှိပေသည်။ ထို့ကြောင့် ဤစာကိုရလျှင်ရခြင်း၊-
3 သင်တို့သည်မင်းကြီး၏သားမြေးများထဲမှ အသင့်တော်ဆုံးသူကိုရွေးချယ်၍မင်းမြှောက် ပြီးလျှင် သူ၏ဘက်မှခုခံကာကွယ်တိုက်ခိုက် ကြလော့'' ဟုပါရှိ၏။
4 ရှမာရိမြို့ရှိအုပ်ချုပ်ရေးမှူးများသည် ထိတ် လန့်လျက်``ယေဟုအားယောရံမင်းနှင့်အာခဇိ မင်းတို့ပင်လျှင် မခံမရပ်နိုင်ကြပါလျှင် ငါ တို့အဘယ်သို့သူ့အားခံရပ်နိုင်ပါမည်နည်း'' ဟုဆိုကြ၏။-
5 သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
6 ယေဟုကလည်း``သင်တို့သည်ငါ၏ဘက်သို့ ပါ၍ ငါ့အမိန့်ကိုလိုက်နာရန်အသင့်ရှိပါ လျှင် အာဟပ်မင်း၏သားမြေးတို့၏ဦးခေါင်း များကို နက်ဖြန်ဤအချိန်အရောက်ငါ့ထံ သို့ယူဆောင်ခဲ့ကြလော့'' ဟုနောက်ထပ်စာ ရေးပေးပို့လိုက်လေသည်။ရှမာရိမြို့ရှိမြို့မိမြို့ဖတို့သည် အာဟပ် မင်း၏သားမြေးခုနစ်ဆယ်ကိုအုပ်ထိန်း စောင့်ရှောက်လျက်ရှိကြ၏။-
7 သူတို့သည်ယေဟု၏စာကိုရရှိကြသော အခါ ထိုမင်းညီမင်းသားခုနစ်ဆယ်ကိုသတ် ပြီးလျှင် သူတို့၏ဦးခေါင်းများကိုတောင်း များတွင်ထည့်၍ ယေဇရေလမြို့ရှိယေဟု ထံသို့ပို့လိုက်ကြ၏။