၄ ရာ 10:12-18 BCL

12 ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သို့​သွား​ရန်​ယေ​ဇ ရေ​လ​မြို့​မှ​ထွက်​ခွာ​သွား​၏။ လမ်း​၌​သိုး​ထိန်း များ​စ​ခန်း​ဟု​အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊-

13 သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။ထို​သူ​တို့​က``အာ​ခ​ဇိ​၏​ဆွေ​တော်​မျိုး​တော် များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​ယေ​ဇ ဗေ​လ​မိ​ဖု​ရား​၏​သား​တော်​သ​မီး​တော်​များ နှင့် အ​ခြား​မင်း​ဆွေ​မင်း​မျိုး​တို့​အား​ဂါ​ရ​ဝ ပြု​ရန် ယေ​ဇ​ရေ​လ​မြို့​သို့​သွား​ကြ​ပါ​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-

14 ယေ​ဟု​က``ဤ​သူ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကြ​လော့'' ဟု​မိ​မိ​၏​လူ​တို့​အား​အ​မိန့်​ပေး သည့်​အ​တိုင်း ဖမ်း​ဆီး​၍​တွင်း​တစ်​ခု​အ​နီး တွင်​လူ​ပေါင်း​လေး​ဆယ့်​နှစ်​ယောက်​တို့​ကို ကွပ်​မျက်​လေ​သည်။

15 ယေ​ဟု​သည်​တစ်​ဖန်​ထွက်​ခွာ​သွား​သော​အ​ခါ လမ်း​၌​ရေ​ခပ်​၏​သား​ယော​န​ဒပ်​နှင့်​တွေ့​လေ​၏။ ယေ​ဟု​သည်​သူ့​ကို​နှုတ်​ဆက်​ပြီး​လျှင်``သင်​သည် ငါ​နှင့်​စိတ်​နေ​သ​ဘော​ထား​ချင်း​တူ​ပါ​၏။ သို့ ဖြစ်​၍​ငါ့​အား​ကူ​ညီ​မည်​လော'' ဟု​မေး​၏။ယော​န​ဒပ်​က``ကူ​ညီ​ပါ​မည်'' ဟု​ဖြေ​၏။ယေ​ဟု​က``ယင်း​သို့​ဖြစ်​ပါ​မူ​ငါ့​အား​သင်​၏ လက်​ကို​ကမ်း​ပေး​လော့'' ဟု​ဆို​၏။ ယော​န​ဒပ် က​လက်​ကို​ကမ်း​ပေး​လိုက်​သော​အ​ခါ ယေ​ဟု သည်​လက်​ကို​ဆွဲ​၍​ယော​န​ဒဒ်​အား​ရ​ထား ပေါ်​တက်​စေ​ပြီး​သော်၊-

16 ငါ​နှင့်​အ​တူ​လိုက်​၍​ထာ​ဝရ​ဘု​ရား​အ​တွက် ငါ​အ​ဘယ်​မျှ​စိတ်​ထက်​သန်​သည်​ကို​သင် ကိုယ်​တိုင်​ကြည့်​ရှု့​လော့'' ဟု​ဆို​၏။ သူ​တို့ နှစ်​ဦး​သည်​အ​တူ​တ​ကွ ရှ​မာ​ရိ​မြို့​သို့ ရ​ထား​စီး​၍​သွား​ကြ​၏။-

17 ထို​မြို့​သို့​ရောက်​သော​အ​ခါ​ယေ​ဟု​သည် အာ​ဟပ် ၏​ဆွေ​မျိုး​ရှိ​သ​မျှ​တို့​ကို​တစ်​ယောက်​မ​ကျန် သတ်​လေ​သည်။ ဤ​ကား​ဧ​လိ​ယ​အား​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက် ခြင်း​ပင်​ဖြစ်​သ​တည်း။

18 ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သား​တို့​အား စု​ဝေး စေ​ပြီး​သော​အ​ခါ``အာ​ဟပ်​မင်း​သည်​ဗာ​လ ဘု​ရား​ကို​အ​နည်း​ငယ်​မျှ​သာ​ကိုး​ကွယ်​ခဲ့​၏။ ငါ​သည်​သူ့​ထက်​များ​စွာ​ပို​၍​ထို​ဘု​ရား ကို​ကိုး​ကွယ်​မည်။-