၄ ရာ 11:18-21 BCL

18 ထို​နောက်​ပြည်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန် ကို​ဖြို​ဖျက်​၍ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​ကို ချိုး​ဖဲ့​ပြီး​လျှင် ယဇ်​ပလ္လင်​များ​၏​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​ကွပ်​မျက်​ကြ​၏။ ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​အ​စောင့်​များ ချ​ထား​ပြီး​နောက်၊-

19 တပ်​မှူး​များ၊ ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​သား များ၊ နန်း​တော်​အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ မင်း​ကြီး​အား​နန်း​တော်​သို့​ပို့​ဆောင်​ရာ​ပြည်​သူ တို့​သည် သူ​တို့​၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​လေ သည်။ မင်း​ကြီး​သည်​ကင်း​တံ​ခါး​ဝ​မှ​ဝင်​တော် မူ​၍​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။-

20 အာ​သ​လိ​အား​နန်း​တော်​တွင်​လုပ်​ကြံ​နှင့် ပြီး​ဖြစ်​ရာ ပြည်​သူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​၍​မြို့​တော်​သည်​လည်း​အေး​ချမ်း လျက်​နေ​၏။

21 ယော​ရှ​သည်​အ​သက်​ခု​နစ်​နှစ်​တွင် ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​သ​တည်း။