၄ ရာ 14:16-22 BCL

16 ယ​ဟော​ရှ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ရှ​မာ​ရိ မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

17 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣသ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​ပြီး​နောက်​တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​နေ​၏။-

18 အာ​မ​ဇိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။

19 အာ​မ​ဇိ​သည်​မိ​မိ​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင် လျှို့​ဝှက်​ကြံ​စည်​မှု​တစ်​ရပ်​ဖြစ်​ပေါ်​လာ သ​ဖြင့် လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့ ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-

20 သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင်​၍​ယူ ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင်​များ ၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-

21 ထို​နောက်​ယု​ဒ​ပြည်​သူ​တို့​သည် အ​သက်​တစ် ဆယ့်​ခြောက်​နှစ်​ရှိ​သား​တော်​သြ​ဇိ​ကို​မင်း မြှောက်​ကြ​၏။-

22 သြ​ဇိ​သည်​ခ​မည်း​တော်​ကွယ်​လွန်​ပြီး​သည် နောက် ဧ​လတ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ ပြန်​လည်​ထူ​ထောင်​လေ​သည်။