၄ ရာ 14:18-24 BCL

18 အာ​မ​ဇိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။

19 အာ​မ​ဇိ​သည်​မိ​မိ​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင် လျှို့​ဝှက်​ကြံ​စည်​မှု​တစ်​ရပ်​ဖြစ်​ပေါ်​လာ သ​ဖြင့် လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့ ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-

20 သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင်​၍​ယူ ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင်​များ ၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-

21 ထို​နောက်​ယု​ဒ​ပြည်​သူ​တို့​သည် အ​သက်​တစ် ဆယ့်​ခြောက်​နှစ်​ရှိ​သား​တော်​သြ​ဇိ​ကို​မင်း မြှောက်​ကြ​၏။-

22 သြ​ဇိ​သည်​ခ​မည်း​တော်​ကွယ်​လွန်​ပြီး​သည် နောက် ဧ​လတ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ ပြန်​လည်​ထူ​ထောင်​လေ​သည်။

23 ယော​ရှ​၏​သား​တော်​ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​၏ နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​၌ ယ​ဟော​ရှ​၏ သား​တော်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​တိုင်​တိုင်​နန်း စံ​လေ​သည်။-

24 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​၏​ဆိုး​ယုတ်​သည့်​လမ်း​စဉ်​ကို လိုက်​၏။-