6 သို့ရာတွင်သူသည်ထိုသူတို့၏သားသမီး တို့ကိုမူမသတ်ဘဲ``မိဘတို့သည်သားသမီး များကူးလွန်သည့်ပြစ်မှုများအတွက် အသတ် မခံစေရ။ သားသမီးတို့သည်လည်း မိဘတို့ ကူးလွန်သည့်ပြစ်မှုများအတွက်အသတ် မခံစေရ။ လူတစ်စုံတစ်ယောက်သည်မိမိ ကိုယ်တိုင်ကူးလွန်သည့်ပြစ်မှုအတွက်သာ လျှင် အသတ်ခံစေရမည်'' ဟူ၍မောရှေ၏ ပညတ်ကျမ်းတွင် ပါရှိသည့်ထာဝရဘုရား ၏ပညတ်တော်ကိုလိုက်လျှောက်ကျင့်သုံး တော်မူ၏။
7 အာမဇိသည်ပင်လယ်သေ၏တောင်ဘက်ရှိ ဆားချိုင့်ဝှမ်းတွင် ဧဒုံစစ်သည်တစ်သောင်း ကိုသုတ်သင်တော်မူ၏။ သူသည်သေလမြို့ ကိုသိမ်းယူပြီးလျှင် မြို့၏နာမည်ကိုပြောင်း သဖြင့် ယုဿေလမြို့ဟုယနေ့တိုင်အောင် ခေါ်တွင်သတည်း။
8 ထိုနောက်အာမဇိသည် ဣသရေလဘုရင် ယဟောရှထံသို့သံတမန်များစေလွှတ် ပြီးလျှင် မိမိနှင့်စစ်ပြိုင်ရန်ဖိတ်ခေါ်လိုက် လေသည်။-
9 သို့ရာတွင်ယဟောရှမင်းက``အခါတစ်ပါးက လေဗနုန်တောင်ထိပ်တွင် ဆူးပင်တစ်ပင်ကသစ် ကတိုးပင်အား`သင်၏သမီးကိုငါ့သားနှင့် ပေးစားထိမ်းမြားလော့' ဟုအမှာစာပေးပို့ခဲ့၏။ သို့ရာတွင်အနီးမှဖြတ်သန်းလာသော သားရဲ တိရစ္ဆာန်တစ်ကောင်သည်ထိုဆူးပင်ကိုနင်းချေ လိုက်လေသည်။-
10 အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
11 သို့ရာတွင်သူ၏စကားကိုအာမဇိသည် နားမထောင်။ ထို့ကြောင့်ယဟောရှမင်းသည် မိမိ၏စစ်သည်တော်များနှင့်ချီတက်ပြီးလျှင် အာမဇိမင်းအားယုဒပြည်၊ ဗက်ရှေမက်မြို့ တွင်တိုက်ခိုက်လေသည်။-
12 အာမဇိ၏တပ်မတော်မှာအရေးရှုံးနိမ့်သ ဖြင့် သူ၏စစ်သည်အပေါင်းတို့သည်မိမိတို့ နေရပ်သို့ထွက်ပြေးကြကုန်၏။-