၄ ရာ 14:7-13 BCL

7 အာ​မ​ဇိ​သည်​ပင်​လယ်​သေ​၏​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​တွင် ဧ​ဒုံ​စစ်​သည်​တစ်​သောင်း ကို​သုတ်​သင်​တော်​မူ​၏။ သူ​သည်​သေ​လ​မြို့ ကို​သိမ်း​ယူ​ပြီး​လျှင် မြို့​၏​နာ​မည်​ကို​ပြောင်း သ​ဖြင့် ယု​ဿေ​လ​မြို့​ဟု​ယ​နေ့​တိုင်​အောင် ခေါ်​တွင်​သ​တည်း။

8 ထို​နောက်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ် ပြီး​လျှင် မိ​မိ​နှင့်​စစ်​ပြိုင်​ရန်​ဖိတ်​ခေါ်​လိုက် လေ​သည်။-

9 သို့​ရာ​တွင်​ယ​ဟော​ရှ​မင်း​က``အ​ခါ​တစ်​ပါး​က လေ​ဗ​နုန်​တောင်​ထိပ်​တွင် ဆူး​ပင်​တစ်​ပင်​က​သစ် က​တိုး​ပင်​အား`သင်​၏​သ​မီး​ကို​ငါ့​သား​နှင့် ပေး​စား​ထိမ်း​မြား​လော့' ဟု​အ​မှာ​စာ​ပေး​ပို့​ခဲ့​၏။ သို့​ရာ​တွင်​အ​နီး​မှ​ဖြတ်​သန်း​လာ​သော သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​သည်​ထို​ဆူး​ပင်​ကို​နင်း​ချေ လိုက်​လေ​သည်။-

10 အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ ပြည်​သား​တို့​ကို​အ​နိုင်​ရ​သ​ဖြင့်​စိတ်​နေ​မြင့် လျက်​နေ​၏။ မိ​မိ​ရ​ရှိ​ထား​သည့်​ကျော်​စော​ကိတ္တိ ဖြင့်​ပင်​ကျေ​နပ်​ရောင့်​ရဲ​စွာ သင်​၏​နန်း​တော်​တွင် စံ​မြန်း​ပါ​လော့။ သင်​သည်​မိ​မိ​နှင့်​ပြည်​သူ​တို့ အား​ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး​ဒုက္ခ​ကို အ​ဘယ်​ကြောင့်​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန် စာ​ရေး​၍​ပေး​ပို့​လိုက်​၏။

11 သို့​ရာ​တွင်​သူ​၏​စ​ကား​ကို​အာ​မ​ဇိ​သည် နား​မ​ထောင်။ ထို့​ကြောင့်​ယ​ဟော​ရှ​မင်း​သည် မိ​မိ​၏​စစ်​သည်​တော်​များ​နှင့်​ချီ​တက်​ပြီး​လျှင် အာ​မ​ဇိ​မင်း​အား​ယု​ဒ​ပြည်၊ ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ခိုက်​လေ​သည်။-

12 အာ​မ​ဇိ​၏​တပ်​မ​တော်​မှာ​အ​ရေး​ရှုံး​နိမ့်​သ ဖြင့် သူ​၏​စစ်​သည်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ နေ​ရပ်​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-

13 ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​၍​မြို့​ရိုး​ပေ​ခြောက်​ရာ ကို​ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ချ​လိုက်​၏။-