15 ဇာခရိမင်းအားလျှို့ဝှက်ကြံစည်မှုအပါ အဝင်ရှလ္လုံလုပ်ဆောင်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ဣသရေလရာဇဝင်တွင် ရေးထားသတည်း။-
16 မေနဟင်သည်တိရဇမြို့မှချီတက်လာစဉ် လမ်းခရီးတွင်တိဖသမြို့သားတို့သည် မိမိ အားအညံ့မခံကြသောကြောင့် ထိုမြို့နှင့် တကွပတ်ဝန်းကျင်နယ်မြေများကိုလုံးဝ ဖျက်ဆီးလေ၏။ သူသည်ကိုယ်ဝန်ဆောင်အမျိုး သမီးတို့၏ဝမ်းကိုပင်ခွဲ၍သတ်လေသည်။
17 ယုဒဘုရင်သြဇိ၏နန်းစံနှစ်ဆယ့်ကိုးနှစ် မြောက်၌ ဂါဒိ၏သားမေနဟင်သည် ဣသရေလ ပြည်ဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ ဆယ်နှစ်နန်းစံလေသည်။-
18 သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သည့်လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားကို ပြစ်မှား၏။ ယေရောဗောင်ကားသူ၏အသက်ရှင် သရွေ့ကာလပတ်လုံး ဣသရေလအမျိုးသား တို့အားအပြစ်ကူးလွန်ရန်ရှေ့ဆောင်လမ်း ပြခဲ့သူဖြစ်သတည်း။-
19 အာရှုရိဧကရာဇ်ဘုရင်တိကလတ်ပိလေသာ သည် ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်လာ၏။ ထိုအခါမေနဟင်သည်မိမိ၏ပြည်တွင် အာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိကလတ်ပိလေသာ ၏အထောက်အကူကိုရရှိနိုင်ရန် သူ့အားငွေသုံး ဆယ့်ရှစ်တန်ဆက်သလေသည်။-
20 ယင်းသို့ဆက်သနိုင်ရန်မေနဟင်သည် ဣသရေလ သူဌေးသူကြွယ်များထံမှတစ်ဦးလျှင် ငွေသား ငါးဆယ်စီကောက်ယူ၏။ သို့ဖြစ်၍တိဂလတ် ပိလေသာသည်မိမိ၏တိုင်းပြည်သို့ပြန်သွား လေ၏။
21 မေနဟင်လုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။-