25 ပေကဟိ၏တပ်မတော်အရာရှိတစ်ဦးဖြစ် သူပေကာသည် ဂိလဒ်ပြည်သားလူငါးကျိပ် နှင့်အတူ လျှို့ဝှက်ကြံစည်ကာပေကဟိကို ရှမာရိနန်းတော်အတွင်း၌လုပ်ကြံပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
26 ပေကဟိလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။
27 ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။-
28 သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သောလမ်းစဉ်ကိုလိုက်၍ ထာဝရဘုရား အားပြစ်မှား၏။ ယေရောဗောင်ကားဣသရေလ အမျိုးသားတို့အား အပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူဖြစ်၏။
29 ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
30 သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
31 ပေကာလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။