30 သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
31 ပေကာလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။
32-33 ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာ၏ နန်းစံနှစ်နှစ်မြောက်၌ သြဇိ၏သားယောသံ သည် အသက်နှစ်ဆယ့်ငါးနှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌တစ်ဆယ့်ခြောက်နှစ်စိုးစံလေ သည်။ သူ၏မယ်တော်မှာဇာဒုတ်၏သမီး ယေရုရှာဖြစ်၏။-
34 ယောသံသည်မိမိ၏ခမည်းတော်သြဇိမင်း ၏စံနမူနာကိုယူ၍ ထာဝရဘုရားနှစ် သက်တော်မူသောအမှုတို့ကိုပြု၏။-
35 သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကိုမူ ဖျက်ဆီးခြင်းမပြုသဖြင့် ပြည်သူတို့သည် ထို ဌာနများတွင်ဆက်လက်၍ယဇ်များကိုပူ ဇော်၍ နံ့သာပေါင်းကိုမီးရှို့ကြ၏။ ယောသံ သည်ဗိမာန်တော်မြောက်တံခါးကိုတည်ဆောက် ခဲ့သူဖြစ်ပေသည်။
36 ယောသံလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ယုဒရာဇဝင်တွင်ရေးထားသတည်း။-
37 ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့အား ယုဒပြည်ကိုတိုက်ခိုက်ကြရန် ထာဝရ ဘုရားစေလွှတ်တော်မူသည်မှာယောသံ၏ လက်ထက်၌ဖြစ်၏။-