8 ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ ဒုတိယမြောက်ယေရောဗောင်မင်း၏ သားဇာခရိသည် ဣသရေလပြည်ဘုရင် အဖြစ်နန်းတက်၍ရှမာရိမြို့၌ခြောက် နှစ်နန်းစံရ၏။-
9 သူသည်မိမိ၏နောင်တော်ဘုရင်များနည်းတူ ထာဝရဘုရားအားပြစ်မှား၏။ ဣသရေလ အမျိုးသားတို့အားအပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူ နေဗတ်၏သားယေရော ဗောင်၏ဆိုးညစ်သောလမ်းစဉ်ကိုလိုက်၏။-
10 ယာဖက်၏သားရှလ္လုံသည်လျှို့ဝှက်ကြံစည် ကာ ဇာခရိမင်းအားဣဗိလံမြို့တွင်လုပ်ကြံ ပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
11 ဇာခရိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
12 သို့ဖြစ်၍``ငါသည်သင်၏သားမြေးတို့အား စတုတ္ထအဆက်တိုင်အောင် ဣသရေလပြည်ကိုအုပ်စိုးစေမည်'' ဟုယေဟု အား ထာဝရဘုရားမိန့်တော်မူခဲ့သောစကား တော်အတိုင်းဖြစ်သတည်း။
13 ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ကိုးနှစ် မြောက်၌ ယာဖက်၏သားရှလ္လုံသည်ဣသရေလ ပြည်ဘုရင်အဖြစ် နန်းတက်၍ရှမာရိမြို့၌ တစ်လမျှနန်းစံရ၏။
14 ဂါဒိ၏သားမေနဟင်သည်တိရဇမြို့မှ ရှမာရိမြို့သို့သွား၍ရှလ္လုံကိုလုပ်ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။-