10 အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။-
11 သို့ဖြစ်၍ဥရိယသည်ထိုပုံစံအတိုင်း တိကျ စွာယဇ်ပလ္လင်တစ်ခုကိုအာခတ်မင်းပြန်၍ မရောက်မီ အပြီးဆောက်လုပ်ထားလေသည်။-
12 ဒမာသက်မြို့မှပြန်၍ရောက်ရှိလာသော အခါ အာခတ်မင်းသည်တည်ဆောက်ပြီး သည့်ယဇ်ပလ္လင်ကိုမြင်လေလျှင်၊-
13 ထိုပလ္လင်ပေါ်တွင်ယဇ်ကောင်များနှင့်ဘောဇဉ် ပူဇော်သကာများကိုမီးရှို့ပူဇော်၏။ ထိုနောက် စပျစ်ရည်ပူဇော်သကာများနှင့် မိတ်သဟာယ ယဇ်ဆိုင်ရာသွေးတို့ကိုလည်း ထိုယဇ်ပလ္လင်ပေါ် တွင်သွန်းလောင်းလေသည်။-
14 ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊-
15 ဥရိယအား``ငါ၏ယဇ်ပလ္လင်ကြီးကိုနံနက်ချိန် မီးရှို့ရာယဇ်နှင့် ညနေချိန်ဘောဇဉ်ပူဇော်သကာ များအတွက်လည်းကောင်း၊ ဘုရင်နှင့်ပြည်သူတို့ ၏မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာများ၊ ပြည်သူတို့၏စပျစ်ရည်ပူဇော်သကာများ အတွက်လည်းကောင်းအသုံးပြုလော့။ ထိုယဇ် ပလ္လင်ပေါ်တွင်ယဇ်ကောင်ရှိသမျှတို့၏သွေး ကိုသွန်းလောင်းလော့။ ကြေးဝါပလ္လင်မှာငါ အတိတ်နိမိတ်ဖတ်ခြင်းကိုမေးလျှောက်ရာ ဖြစ်ရမည်'' ဟုအမိန့်ပေးသည့်အတိုင်း၊-
16 ဥရိယသည်ပြုလေ၏။