၄ ရာ 16:14-20 BCL

14 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​ကြေး ဝါ​ပလ္လင်​မှာ ယဇ်​ပလ္လင်​သစ်​နှင့်​ဗိ​မာန်​တော်​စပ်​ကြား တွင်​တည်​ရှိ​နေ​သော​ကြောင့် အာ​ခတ်​သည်​ထို ပလ္လင်​ကို​ယဇ်​ပလ္လင်​သစ်​၏​မြောက်​ဘက်​သို့​ပြောင်း ရွှေ့​လိုက်​ပြီး​လျှင်၊-

15 ဥ​ရိ​ယ​အား``ငါ​၏​ယဇ်​ပလ္လင်​ကြီး​ကို​နံ​နက်​ချိန် မီး​ရှို့​ရာ​ယဇ်​နှင့် ည​နေ​ချိန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရင်​နှင့်​ပြည်​သူ​တို့ ၏​မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ ပြည်​သူ​တို့​၏​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​လော့။ ထို​ယဇ် ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​ရှိ​သ​မျှ​တို့​၏​သွေး ကို​သွန်း​လောင်း​လော့။ ကြေး​ဝါ​ပလ္လင်​မှာ​ငါ အ​တိတ်​နိ​မိတ်​ဖတ်​ခြင်း​ကို​မေး​လျှောက်​ရာ ဖြစ်​ရ​မည်'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း၊-

16 ဥ​ရိ​ယ​သည်​ပြု​လေ​၏။

17 အာ​ခတ်​မင်း​သည်​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု သည့်​ကြေး​ဝါ​လှည်း​တို့​ကို​ယူ​၍ ယင်း​တို့​အ​ပေါ် ရှိ​အင်​တုံ​များ​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ သူ သည်​ကြေး​ဝါ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ဆယ့် နှစ်​ကောင်​၏​ကျောက်​ကုန်း​ထက်​မှ ကြေး​ဝါ​ကန် များ​ကို​လည်း​ယူ​၍​အောက်​ခံ​ကျောက်​ပေါ်​တွင် ထား​ရှိ​လေ​သည်။-

18 ထို​နောက်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​နှစ်​သက် စေ​ရန် အာ​ခတ်​သည်​ဗိ​မာန်​တော်​ရှိ​ရာ​ဇ​ပလ္လင် တည်​ရာ​စင်​မြင့်​ကို​ဖယ်​ရှား​ပြီး​လျှင် ဘု​ရင် အ​တွက်​သီး​သန့်​ထား​သည့်​ဗိ​မာန်​တော် အ​ဝင်​ဝ​ကို​လည်း​ပိတ်​လိုက်​၏။

19 အာ​ခတ်​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-

20 အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဟေ​ဇ​ကိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။