17 အာခတ်မင်းသည်ဗိမာန်တော်တွင်အသုံးပြု သည့်ကြေးဝါလှည်းတို့ကိုယူ၍ ယင်းတို့အပေါ် ရှိအင်တုံများကိုဖယ်ရှားလိုက်လေသည်။ သူ သည်ကြေးဝါနွားလားဥသဘရုပ်တစ်ဆယ့် နှစ်ကောင်၏ကျောက်ကုန်းထက်မှ ကြေးဝါကန် များကိုလည်းယူ၍အောက်ခံကျောက်ပေါ်တွင် ထားရှိလေသည်။-
18 ထိုနောက်အာရှုရိဧကရာဇ်ဘုရင်နှစ်သက် စေရန် အာခတ်သည်ဗိမာန်တော်ရှိရာဇပလ္လင် တည်ရာစင်မြင့်ကိုဖယ်ရှားပြီးလျှင် ဘုရင် အတွက်သီးသန့်ထားသည့်ဗိမာန်တော် အဝင်ဝကိုလည်းပိတ်လိုက်၏။
19 အာခတ်မင်းလုပ်ဆောင်ခဲ့သောအခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
20 အာခတ်ကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဟေဇကိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။