1-2 ရေမလိ၏သားပေကာ၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌ယောသံ၏သားအာခတ်သည်၊ အ သက်နှစ်ဆယ်ရှိသောအခါယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌တစ်ဆယ့် ခြောက်နှစ်နန်းစံရ၏။ သူသည်မိမိ၏ဘေးတော် ဒါဝိဒ်မင်း၏စံနမူနာကောင်းကိုမယူဘဲ ထာဝရဘုရားနှစ်သက်တော်မမူသည့် အမှုတို့ကိုပြု၍၊-
3 ဣသရေလမင်းတို့၏လမ်းစဉ်ကိုလိုက်လေ သည်။ သူသည်ဣသရေလအမျိုးသားတို့ချီ တက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော် မူသောလူမျိုးတို့၏စက်ဆုတ်ရွံရှာဖွယ်ကောင်း သည့်ဋ္ဌလေ့ထုံးစံတို့ကိုအတုခိုးကာ မိမိ ၏သားတော်ကိုပင်လျှင်မီးရှို့ရာပူဇော်သကာ အဖြစ်ရုပ်တုတို့အားပူဇော်လေသည်။-
4 ရုပ်တုကိုးကွယ်ရာဌာနများဖြစ်သောတောင် ကုန်းများနှင့် အရိပ်ကောင်းသည့်သစ်ပင်အောက် တို့တွင်အာခတ်သည်ယဇ်များကိုပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။
5 ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့သည် စစ်ချီ၍ယေရုရှလင်မြို့ကိုဝိုင်းရံ ထားကြသော်လည်း အာခတ်မင်းကိုမနှိမ်နင်း နိုင်ကြ။-
6 (ထိုအချိန်၌ပင်လျှင်ဧဒုံဘုရင်သည်ဧလတ် မြို့ကိုပြန်လည်သိမ်းယူပြီးနောက် ထိုပြည်တွင် နေထိုင်သူယုဒပြည်သားတို့အားနှင်ထုတ် လိုက်လေသည်။ ဧဒုံပြည်သားတို့သည်ဧလတ် မြို့သို့လာရောက်နေထိုင်၍ယနေ့တိုင်အောင် ရှိနေကြသတည်း။-)