20 စကားပြောရုံဖြင့်စစ်တိုက်ရန်စွမ်းရည်ရှိသည် ဟုထင်ပါသလော။ ငါ့ကိုပုန်ကန်ရန်သင့်အား အဘယ်သူကူညီလိမ့်မည်နည်း။-
21 သင်သည်အီဂျစ်ပြည်၏အကူအညီကိုစောင့် စားလျက်နေ၏။ သို့သော်ထိုပြည်ကိုအားကိုး ခြင်းသည် ကူရိုးကိုတောင်ဝှေးအဖြစ်အသုံး ပြုခြင်းနှင့်တူပေသည်။ ထိုကူရိုးသည်ကျိုး၍ သင်၏လက်ကိုစူးလိမ့်မည်။ အီဂျစ်ဘုရင်ကား သူ့ကိုအားကိုးသူအဖို့ ထိုအရိုးနှင့်တူသည်' ဟုမိန့်တော်မူသည်'' ဟုပြော၏။
22 သူသည်ဆက်လက်၍``သင်က`ငါတို့သည် ငါတို့ ၏ဘုရားသခင်ထာဝရဘုရားကိုအားကိုး ပါသည်' ဟုပြောဆိုကြမည်လော။ မြင့်သော အရပ်ဌာနများနှင့်ယဇ်ပလ္လင်များကိုဟေဇကိ ဖျက်ဆီး၍ ယုဒပြည်သူတို့အားယေရုရှလင် မြို့ရှိယဇ်ပလ္လင်၌သာ ဝတ်ပြုကိုးကွယ်ကြရန် အမိန့်ထုတ်သည်မဟုတ်ပါလော။-
23 ငါ၏သခင်ဧကရာဇ်ဘုရင်သည် သင်တို့နှင့် အလောင်းအစားပြုမည်။ သင်တို့သည်မြင်းစီး သူရဲနှစ်ထောင်ရအောင်ရှာနိုင်မည်ဆိုလျှင် သင် တို့အားမြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။-
24 သင်တို့သည်အာရှုရိတပ်မတော်တွင်အငယ်ဆုံး သောဗိုလ်ကိုပင်ယှဉ်ပြိုင်နိုင်မှုမရှိဘဲ အီဂျစ်အမျိုး သားတို့ထံမှစစ်ရထားနှင့်မြင်းစီးသူရဲအကူ အညီများကိုစောင့်မျှော်ကြပါသည်တကား။-
25 ငါသည်ထာဝရဘုရား၏အကူအညီမပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက်ဆီးသည်ဟု သင် တို့ထင်မှတ်ကြပါသလော။ သင်တို့ပြည်ကိုတိုက် ခိုက်ဖျက်ဆီးရန် ထာဝရဘုရားကိုယ်တော်တိုင် ပင်ငါ့အားစေခိုင်းတော်မူ၏'' ဟုဆို၏။
26 ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည် ထိုအရာရှိအား``အရှင်၊ အာရမိဘာသာ စကားဖြင့်အကျွန်ုပ်တို့အားအမိန့်ရှိပါ။ ထို စကားကိုအကျွန်ုပ်တို့နားလည်ပါသည်။ ဟေဗြဲ ဘာသာစကားကိုမသုံးပါနှင့်။ မြို့ရိုးပေါ်ရှိ လူအပေါင်းတို့နားထောင်လျက်နေကြပါ သည်'' ဟုပြော၏။