26 ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည် ထိုအရာရှိအား``အရှင်၊ အာရမိဘာသာ စကားဖြင့်အကျွန်ုပ်တို့အားအမိန့်ရှိပါ။ ထို စကားကိုအကျွန်ုပ်တို့နားလည်ပါသည်။ ဟေဗြဲ ဘာသာစကားကိုမသုံးပါနှင့်။ မြို့ရိုးပေါ်ရှိ လူအပေါင်းတို့နားထောင်လျက်နေကြပါ သည်'' ဟုပြော၏။
27 ထိုသူက``ဧကရာဇ်ဘုရင်သည်သင်တို့နှင့်သင်တို့ ဘုရင်အား ဤစကားများကိုပြောကြားရန်ငါ့ အားစေလွှတ်တော်မူလိုက်သည်ဟုမထင်ကြနှင့်။ ငါသည်မြို့ရိုးပေါ်တွင်ထိုင်နေကြသူတို့အားလည်း ပြောကြားပါ၏။ သင်တို့နည်းတူသူတို့သည်လည်း မိမိတို့၏ကျင်ကြီးကျင်ငယ်ကိုပြန်၍စားသောက် ကြရလိမ့်မည်'' ဟုပြန်ပြော၏။
28 ထိုနောက်သူသည်ထ၍ ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။-
29 သင်တို့အားဟေဇကိလှည့်စားသည်ကိုနားမ ယောင်ကြနှင့်။ ဟေဇကိသည်သင်တို့အားမကယ် နိုင်။-
30 ထာဝရဘုရားကိုအားကိုးရန်သူ၏သွေး ဆောင်စကားကိုနားမထောင်ကြနှင့်။ ထာဝရ ဘုရားသည် သင်တို့အားကယ်တော်မူမည်ဟူ ၍လည်းကောင်း၊ အာရှုရိတပ်မတော်အား ဤ မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းကောင်းမထင်မှတ်ကြနှင့်။-
31-32 ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ မြို့ထဲ မှထွက်၍လက်နက်ချကြရန် သင်တို့အားအာရှုရိ ဧကရာဇ်ဘုရင်အမိန့်တော်ရှိ၏။ သင်တို့အား ဧကရာဇ်ဘုရင်သည်သင်တို့၏ပြည်နှင့်တူသည့် ပြည်၊ ဆန်စပါး၊ စပျစ်ရည်သစ်နှင့်ပြည့်စုံသော ပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်ရှိသောပြည်၊ သံလွင် ဆီနှင့်ပျားရည်ရှိသောပြည်သို့မပို့ဆောင်မီ အတောအတွင်း၌ သင်တို့သည်မိမိတို့၏ စပျစ်ပင်များနှင့်သင်္ဘောသဖန်းပင်များမှ အသီးများကိုစားကြ၍ မိမိတို့၏ရေတွင်း များမှရေကိုလည်းသောက်သုံးခွင့်ရလိမ့်မည်။ ဧကရာဇ်မင်းအမိန့်ရှိသည်အတိုင်းလိုက် နာပါလျှင် သင်တို့သည်သေရကြမည်မဟုတ်။ အသက်ရှင်ခွင့်ရရှိကြလိမ့်မည်။ ထာဝရ ဘုရားသည်ငါတို့ကိုကယ်ဆယ်တော်မူနိုင် သည်ဟု သင်တို့ထင်မှတ်စေရန်ဟေဇကိ လှည့်စားသည်ကိုနားမထောင်ကြနှင့်။-
33 အခြားလူမျိုးတို့၏ဘုရားများသည်ထိုသူ တို့၏ပြည်များကို အာရှုရိဧကရာဇ်ဘုရင် ၏လက်မှကယ်ဆယ်ခဲ့ကြပါသလော။-