၄ ရာ 18:33-37 BCL

33 အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည်​ထို​သူ တို့​၏​ပြည်​များ​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် ၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-

34 ဟာ​မတ်​ပြည်​နှင့်​အာ​ပဒ်​ပြည်​တို့​၏​ဘု​ရား များ​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၊ ဟေန​ပြည်​နှင့်​ဣ​ဝါ​ပြည် တို့​၏​ဘု​ရား​များ​သည် အ​ဘယ်​မှာ​ရှိ​ပါ သ​နည်း။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​ကို​ကယ် ခဲ့​ကြ​ပါ​သ​လော။-

35 ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ​အ​နက် အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို​ငါ တို့​ဧ​က​ရာဇ်​ဘု​ရင်​၏​လက်​မှ​အ​ဘယ်​အ​ခါ က​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကို ကယ်​တော်​မူ​နိုင်​သည်​ဟု သင်​တို့​အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။-

36 ပြည်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​မှာ​ကြား​လိုက် သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ် ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-

37 ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည်​ဝမ်း​နည်း​လျက် မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ကာ​အာ​ရှု​ရိ​အ​ရာ​ရှိ​၏​စကား​ကို​မင်း ကြီး​ထံ​ပြန်​ကြား​လျှောက်​ထား​ကြ​၏။